ကဲ Samsung Galaxy SII Plus GT-I9105 ကို Offical Firmware 4.2.2 လေးတင်ကြရအောင်
Firmware ဒေါင်းဖို့အတွက်လင့်ခ်ကို သက်သက်ပြန်တင်ပေးထားပါတယ် Hotfile ကနေဆိုရင်
ဒေါင်းဖူးတဲ့သူတိုင်းသိမှာပါ တော်တော်ကြာလို့ပါ။ Dropbox နဲ့ Mediafire ကနေပြန်တင်ပေးထားတယ်နော်
ကျွန်တော်အခုတင်ပေးထားတာက SER region ပါ
ကဲအောက်မှာစာဖတ်ပြီးတော့ လိုက်လုပ်လိုက်ပါ 4.2.2 ကိုတင်မယ်ဆိုရင်ပေါ့
ကျွန်တော်ရှင်းပြတာညံ့ရင်လဲ တောင်းပန်ပါတယ် :)
Firmware Details :
Device: Samsung Galaxy S 2 Plus
Model: GT-I9105
Android: Jelly Bean 4.2.2
PDA: I9105XXUBMH4
Build Date: 21.08.2013
Changelist: 1356917
Requirment:
- ပထမဆုံး မိမိရဲ့အရေးကြီးတဲ့ connect တွေ internal storage ထဲကပုံတွေ application တွေကို Backup လုပ်ထားပါ။
- နောက်ပြီး အမှားအယွင်းတစ်ခုခုဖြစ်ခဲ့ရင် အရင်ဗားရှင်းပြန်သုံးလို့ရအောင် Clockwork mode သွင်းထားပြီး Firmware တစ်ခုလုံးကို Backup လုပ်ထားပါ။ CWM သွင်းနည်းကို မသိရင် (Click Here For Install CWM)
- Setting ထဲကနေ USB debugging ON ထားပါ Development Options ထဲကနော်။
- Phone Battery ကတော့အနည်းဆုံး 60% ရှိပါစေ။
- အဲဒါတွေအားလုံးပြီးရင်တော့ Firmware လေးဒေါင်းလိုက်ပါ (Click Here To Download 4.2.2 Firmware For GT-I9105 From Mediafire) OR ( CLICK HERE TO DOWNLOAD FROM DROPBOX )
- Odin3-v3.04 ကိုဒေါင်းလိုက်ပါ (Click Here From Mediafire) OR ( Click Here From Dropbox )
- SII PLus အတွက် Driver မရှိရင်၊ မသိရင် ဒီမှာဒေါင်းလိုက်ပါ (Click Here )
STEP :1
ဒေါင်းထားတဲ့ Firmware ဖိုင်ကိုဖြည်လိုက်ပါ I9105XXUBMH4_I9105OXEBMH3_I9105XXUBMH2_HOME.tar.md5 ဆိုတဲ့နာမည်နဲ့ ဖိုင်ထွက်လာပါမယ်။အောက်ပုံ (၁)လိုမျိုးလေးပါပုံ(၁) |
STEP : 2
Odin3-v3.04 zip ဖိုင်ကို ဖွင့်ပြီး အထဲက Odin လေးကို Run လိုက်ပါ။အောက်က ပုံ(၂) လိုမျိုးလေး PDA ကိုနှိပ်ပြီး Firmware ဖြည်ထားတဲ့ကောင်လေးကို ရွေးလိုက်ပါ
ပြီးရင်တော့ Start လေးကိုနှိပ်လိုက်ပါ။ဒါဆိုအောက်ကပုံ (၂)လိုမျိုး Run သွားပါမယ်။
ပုံ (၂) |
STEP : 3
အားလုံးပြီးသွားရင်တော့အောက်ကပုံလိုမျိုးလေး PASS ဆိုပြီးအစိမ်းရောင်လေးပေါ်လာရင်တော့ 4.2.2 ကိုအောင်မြင်စွာရောက်ရှိသွားပါပြီ။ ကျွန်တော်ကိုယ်တိုင်စမ်းသပ်ပြီးဖြစ်တဲ့အတွက် မည်သည့်error မှမရှိပါ။စုစုပေါင်းကြာချိန် (၅)မိနစ် (၇)မိနစ်ခန့်ရှိပါတယ်။ ကဲအားလုံးအဆင်ပြေပါစေခင်ဗျာ။
ပုံ(၃) |
အဆင်မပြေတာတစ်ခုခုများရှိရင် ကွန့်မန့်ပေးခဲ့ကြပါခင်ဗျာ
NOTICE: The Samsung GT-I9105 က boot မတတ်ဘူးဆိုရင် Recovery Mode ထဲကိုဝင်ပြီးတော့ Factory Reset/Wipe Data, choose Wipe Cache Partition ကိုရွေးလိုက်ပါပြီးရင်တော့ Recovery ကိုပြန်သွားပြီး Restart ချလိုက်ပါ။
0 comments :
Post a Comment
If you like, you should be say '' Thank ''