Mar 7, 2017




အများအားဖြင့်တော့ စမတ်ဖုန်း ကင်မရာတွေရဲ့ အရည်အသွေး ဟာ သမားရိုးကျ မိသားစုသုံး ကင်မရာတွေ ကို ကျော်လွန်နိုင်ခဲ့ပြီး ဖြစ်ခဲ့ပေမယ့် တကယ့်ဝါရင့် ကင်မရာကြီးတွေ ဖြစ်တဲ့ DSLR ကင်မရာအမျိုးအစားတွေအထိ တော့ မရရှိနိုင်သေးပါဘူး။ အခုတော့ စမတ်ဖုန်းကင်မရာတွေ ရဲ့ အရည်အသွေးကို အများကြီး မျှော်လင့်လို့ ရလာနိုင်စေမယ့် နည်းပညာအသစ်တစ်ခု ကို MWC2017 မှာ မိတ်ဆက်နိုင်ခဲ့ပြီ ဖြစ်တယ် လို့ သိရပါတယ်။
အဲဒီနည်းပညာ ကို 5x Dual Camera Zoom လို့ အမည်ပေးထားပါတယ်။ကုမ္ပဏီရဲ့ဖုန်းတွေမှာ အဲ့ဒီကင်မရာ နည်းပညာသစ် အသုံးပြုမယ့်အချိန်ကိုတော့ OPPO က မပြောကြားခဲ့ပါဘူး။ ဒါပေမဲ့ ကုမ္ပဏီရဲ့ အထင်ကရ Find 9 လိုမျိုး ထုတ်ကုန်အသစ် စမတ်ဖုန်းပေါ်မှာ 5x Dual Camera Zoom စနစ်ကို အသုံးပြုသွားဖွယ် ရှိပါတယ်။
5x Dual Camera Zoom မှာ သီးခြားအစိတ်အပိုင်း ၅၀ ကျော်ပါဝင်ပြီး ၅.၇ မီလီမီတာ module တစ်ခုမှာ အစီအရီဆင့်ထားပါတယ်။ ပရစ်ဇမ်တစ်ခုကနေတစ်ဆင့် စမတ်ဖုန်းအတွင်းက telephoto lens တစ်ခုထံ အလင်းလမ်းကြောင်းပြောင်းလဲဖို့အတွက် ပယ်ရီစကုပ်ပုံစံ setup တစ်ခုကို အသုံးပြုထားပါတယ်။ ဒါကြောင့် အရည်အသွေးဆုံးရှုံးမှုမရှိစေဘဲ 5x zoom နဲ့ ဓာတ်ပုံရိုက်ကူးနိုင်မှာဖြစ်တယ်လို့ ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။
OPPO ဟာ အရင်ကလည်း တီထွင်ဆန်းသစ်တဲ့ ကင်မရာတွေကို မိတ်ဆက်ပေးခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ ပထမဆုံး 5MP အရှေ့ဘက်ကင်မရာကို OPPO Ulike 2 မှာ အသုံးပြုခဲ့ပါတယ်။ OPPO N1 က 206-degree လှည့်နိုင်တဲ့ ကင်မရာပါဝင်တဲ့ ပထမဆုံးဖုန်းဖြစ်သလို OPPO F1 Plus ကလည်း 16MP အရှေ့ဘက် ကင်မရာပါတဲ့ ကမ္ဘာ့ပထမဆုံးဖုန်း ဖြစ်ပါတယ်။
5x Camera Technology
လွယ်လွယ်ကူကူ ပြောရမယ် ဆိုရင် မြင်ကွင်းထဲက ပုံရိပ်တွေကို ၅ ဆ ချဲ့ပြီး ရိုက်ယူတဲ့နည်းပညာ လို့ ဆိုနိုင်ပါတယ်။
သိတဲ့အတိုင်းပါ။ စမတ်ဖုန်းတွေမှာ ပါဝင်တဲ့ ကင်မရာတွေဟာ ပုံမှန်ရိုက်ကူးမှုအတွက်သာ အဆင်ပြေစေပြီး Zoom ချဲ့ပြီး အဝေးတစ်နေရာက ပုံရိပ်တွေကို ရိုက်ကူးမှု လုပ်မယ်ဆိုရင်တော့ အကောင်းဆုံးရိုက်ကူးနိုင်တဲ့ အမျိုးအစား ဟာ တကယ့်ကို လက်ချိုးရေလို့ရပါတယ်။
Credit #

Tagged:

0 comments :

Post a Comment

If you like, you should be say '' Thank ''